ရက်စွဲ - ဇူလိုင် ၂၃
Data Mesh ဆိုတာ Data တွေကို စီမံကိုင်တွယ်ဖို့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ ယခင် သမာရိုးကျ Data Management နည်းလမ်းတွေက,နေ ခွဲထွက်ထားတဲ့ နည်းလမ်းတစ်ခုလည်း ဖြစ်ပါတယ်။ Mesh ဆိုတဲ့အတိုင်းပဲ ကြီးမားတဲ့ လုပ်ငန်းအဖွဲ့အစည်းတွေမှာ ရှိတတ်တဲ့ ရှုပ်ထွေးများပြားလှသော Data များကို စီမံရာမှာ အသုံးပြုရန် ဖြစ်ပါတယ်။ ဒီနည်းလမ်းကို ThoughtWorks Technology မှ Zhamak Dehghani က, စတင်ကာ မိတ်ဆက် ပေးခဲ့တာ ဖြစ်ပါတယ်။ Data Mesh ရဲ့ တည်ဆောက်ပုံက Data တွေကို Data Warehouse သို့မဟုတ် Data Lake ထဲမှာ သိမ်းဆည်းပြီး နည်းပညာရှင် တွေက,ပဲ အရာရာ ထိန်းချုပ်စီမံတာမျိုးကို အားမပေးပါဘူး။ ဘာလို့လဲ ဆိုရင် ပုံမှန်အတိုင်း နေ့စဥ်ရက်ဆက် Data တွေကို သိမ်းဆည်းလာရာက, လုပ်ငန်းကြီးထွားလာတဲ့အခါ Data တွေ အမြောက်အမြား ဖြစ်လာတဲ့အခါ စီမံရတာ ခက်ခဲလာတတ်တာမျိုး၊ အကယ်၍ Silos Data တွေ ဆိုရင် Data Consistency, Data Quality တွေ အတွက် လုပ်ဆောင်ရမယ့်အဆင့်တွေ ရှိလာတာမျိုး၊ နဲ့ အခြားသော ရှိလာနိုင်မယ့် ပြဿနာတို့ကို လျှော့ချနိုင်ဖို့ ဖြစ်ပါတယ်။
Data Mesh Architecture မှာ မတူညီတဲ့ Business Unit အသီးသီးအတွက် သက်ဆိုင်ရာ Data တွေကို ပိုင်ဆိုင်မယ့် တစ်နည်းအားဖြင့် တာဝန်ယူရမယ့် Domain တွေ ကိုယ်စီရှိပါမယ်။ Domain တွေဆိုတာ Team ပုံစံမျိုးကို ရည်ညွှန်းတာ ဖြစ်ပါတယ်။ ဒီ Team တစ်ခုချင်းစီမှာ သီးခြားကျွမ်းကျင်မှု ကိုယ်စီရှိပါလိမ့်မယ်။ ဒါ့ကြောင့် မိမိရဲ့ Team အတွက် တာဝန်ယူရမယ့် Data တွေကိုသာလျှင် ကိုင်တွယ်ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း တခြားတဖက်မှာ Data တွေတိုင်းကို Product တွေ အဖြစ် မှတ်ယူပြီး လုပ်ငန်း၊ အဖွဲ့အစည်း တွင်းမှာရှိတဲ့ မည်သူမဆို ရယူသုံးစွဲနိုင်ရပါမယ်။ Product ထုတ်ကုန်ဆိုတာ အမျိုးမျိုး ဖြစ်နိုင်ပါတယ်။ ဆိုလိုချင်တာက, မတူညီတဲ့ Datasets, Data Streams, သို့မဟုတ် Data APIs တွေ ပါဝင်ပါလိမ့်မယ်။ လုပ်ငန်းအတွင်းမှာ သီးသန့် Data Product တွေကို ပိုင်ဆိုင်တဲ့ Domain Team တွေ များစွာရှိနေပေမယ့် ဒီ Team တွေအချင်းချင်းကြား မျှဝေသုံးလို့ရမယ့် လိုအပ်တဲ့ ထောက်ပံ့မှု၊ နည်းပညာ Tools တွေကို ထိန်းချုပ်စီမံမယ့် Data Platform တစ်ခုလည်း တစ်ခါတစ်ရံမှာ ရှိနေတတ်ပါတယ်။ ဒါကို Data platform as a service လို့ခေါ်ပါတယ်။
Ref:
1. BeyondTechnology:CreatingBusinessValueWithDATAMESH
2. https://www.thoughtworks.com/what-we-do/data-and-ai/data-mesh/creating-business-value-with-data-mesh-whitepaper
No comments:
Post a Comment