ရက်စွဲ – ၁၉.၀၁.၂၀၁၉
Domain-based email address တစ်ခုရှိထားခြင်းဟာ personal သုံးချင်ရင်ဖြစ်ဖြစ်၊ ဒါမှမဟုတ် professional ဆန်ဆန်သုံးချင်တဲ့အခါဖြစ်ဖြစ် နှစ်ခုလုံးအတွက် အရေးပါတာ လူတိုင်းသိပြီး ဖြစ်ပါလိမ့်မယ်။ အထူးသဖြင့် online ပေါ်မှာ အလုပ်လုပ်တဲ့အခါ မိမိရဲ့ Business အတွက် ပိုမို Brand ကျ,ကျ ကြေငြာနိုင်သလို အခြားသော စီးပွါးဖက်များနှင့် တွဲပြီး လုပ်ကိုင်တဲ့အခါမှာလည်း တသီးတသန့် professional ဖြစ်စေဖို့ ထောက်ပံ့ပေးနိုင်ပါတယ်။
ဆိုခဲ့သလိုပါပဲ...မိမိရဲ့ ฺBusiness ကိုသော်လည်းကောင်း၊ မိမိတစ်ကိုယ်ရေအတွက်သော်လည်းကောင်း Unique Identity ဖြစ်စေတာကတော့ Domain-based email တွေ သုံးရခြင်းရဲ့ ကောင်းကျိုးတွေထဲက တစ်ခုဖြစ်ပါတယ်။ လူသိများကြတဲ့ email provider တွေဖြစ်တဲ့ G-mail, Yahoo နဲ့ Outlook စတာတွေကတော့ နိုင်ငံလူမျိုး မရွေး လူတိုင်း သုံးကြတာဖြစ်လို့ Unique မဖြစ်ပါဘူး။ အားသာချက်ကတော့ အချိန်မရွေး အလကား Free သုံးနိုင်တာဖြစ်ပါတယ်။ Domain-based email တွေကတော့ သက်ဆိုင်ရာဆီကနေ ဝယ်သုံးရပါလိမ့်မယ်။
Domain-based email ရှိခြင်းရဲ့ ဒုတိယကောင်းကျိုးတစ်ခုကတော့ ယုံကြည်မှု Brand တစ်ခုဖြစ်စေပါတယ်။ အကယ်၍ မိမိလုပ်ငန်းနာမည်အလိုက် email အသုံးပြုပြီး Customers တွေကို ဆက်သွယ်ဖို့ကြိုးစားတဲ့အခါ၊ ဒါမှမဟုတ် ကြေငြာတဲ့အခါ လုပ်ငန်းနာမည်ကို လွယ်လွယ်ကူကူမှတ်မိနိုင်စေပြီး၊ ပိုမိုယုံကြည်စေပါတယ်။ လူသုံးများတဲ့ email provider တွေကိုသုံးပြီး e-commerce လုပ်ငန်းမျိုး လုပ်ကိုင်တဲ့အခါ “မိမိရဲ့ လုပ်ငန်းဟာ online ပေါ်မှာတကယ်ပဲ ရှိရဲ့လား” ဆိုတာ ဝယ်သူတွေကို သံသယ ဖြစ်စေနိုင်ပါတယ်။ အချိန်မရွေးထ,ကောက်ဖွင့်လို့ရတဲ့ email address တစ်ခုနဲ့ မိမိရဲ့ ပိုက်ဆံကို သုံးဖို့လာဆွယ်တဲ့ message တွေကို ဘယ်လို ဝယ်သူတွေက ယုံကြည်မယ်လို့ ထင်ပါသလဲ။ ခြွင်းချက်တွေတော့ ရှိပါလိမ့်မယ်။
Domain-based email တွေကို work email ဒါမှမဟုတ် business email လို့လည်း လူသိများကြပါတယ်။ Online ပေါ်မှာ မိမိရဲ့ စီးပွါးရေးလုပ်ငန်းတွေကို ကြေငြာတဲ့အခါ ပထမဆုံးအရေးကြီးတာက website တစ်ခုရှိဖို့ ဖြစ်ပါတယ်။ မရှိတဲ့ စီးပွါးရေးလုပ်ငန်းတွေလည်း ရှိဆဲတော့ဖြစ်ပါတယ်။ သို့သော်လည်း မိမိရဲ့ စီးပွါးရေးနာမည်နဲ့ website တစ်ခုရှိထားခြင်းဟာ မရှိထားတဲ့ လုပ်ငန်းထက် ဝယ်သူ၊အားပေးသူတွေ ပိုမို ယုံကြည်ကြတာကတော့ ငြင်းလို့ရမယ် မထင်ပါဘူး။ ဒီ့နောက်မှာတော့ business email ကလည်း ဒီဝယ်သူတွေနဲ့ အဆက်မပြတ် ဆက်သွယ်ဖို့၊ သတင်းကြေငြာတွေ ပို့ဖို့ professional ကျကျ ကူညီနိုင်ပါလိမ့်မယ်။
စီးပွါးရေးလုပ်ငန်းကြီးတွေအတွက် business email အတွက် domain email, email hosting တွေဝယ်ရတာ မခက်ခဲပေမယ့် သာမန်စီးပွါးရေးလုပ်ငန်းလေးတွေနဲ့ personal professional ဆန်ချင်ပေမယ့် ငွေအရမ်းမသုံးချင်တဲ့သူတွေအတွက်တော့ ရဖို့ခက်ပါတယ်။
ဒါဆိုရင်တော့ ငွေတပြားမှ မသုံးရဘဲ business email ဒါမှမဟုတ် work email ဆန်ဆန် ရချင်ရင်တော့ anonaddy.com မှာ ရနိုင်ပါတယ်။ domain-based email စစ်စစ်မဟုတ်သော်ငြား website တော်တော်များများက တောင်းတတ်ကြတဲ့ business email ဆန်ဆန်ဖြစ်တဲ့အတွက် သုံးနိုင်ပါတယ်။ ထုံးစံအတိုင်း Free ဖြစ်တဲ့အတွက် ကန့်သတ်ချက်တွေတော့ ရှိပါတယ်။ anonaddy.com ကနေ မိမိရဲ့ Gmail ကို recipient အဖြစ် message တွေကို လွှဲယူလို့ရပါတယ်။ ဒီလိုမျိုး email forwarding လုပ်ဖို့ အများဆုံး (၂)ခုထိပဲ free version မှာ သုံးနိုင်ပါလိမ့်မယ်။ Bandwidth ကန့်သတ်ချက်လည်း ရှိပါတယ်။ ဒါပေမယ့် တစ်ကိုယ်ရေသုံးနဲ့ စာတွေအများကြီး ဝင်လာဖို့မရှိရင် ကန့်သတ်ထားတဲ့ Bandwidth မှာသုံးပျော်ပါတယ်။ ဒီ့ထက်ပိုသုံးချင်ရင်တော့ ဝယ်သုံးနိုင်ပါတယ်။ ဝယ်သုံးဖို့ plan တွေကို anonaddy.com ရဲ့ official website မှာတွေ့နိုင်ပါတယ်။ အခြားလိုအပ်နိုင်တဲ့ API access တွေပါရနိုင်လို့ တကယ်သုံးလို့ အဆင်ပြေပါတယ်။ official website မှာ အမေးများတဲ့ မေးခွန်းတွေအပြင် blog တွေလည်း ဖတ်နိုင်ပါတယ်။ ဒါကတော့ email forwarding အတွက် မျှဝေခြင်းတစ်ခုသာလျှင် ဖြစ်ပါတယ်။ အားလုံး အဆင်ပြေကြဖို့ မျှော်လင့်ရင်း….
No comments:
Post a Comment